#htmlcaption1 Go UP! Pure Javascript. No jQuery. No flash. #htmlcaption2 Stay Connected

Monday, February 10

လွယ်ကူမှတ်မိ၊ ဟက်ရန်ခက်သည့် Password မျိုးပေးကြည့်

ပြီးခဲ့တဲ့ နှစ်လအတောအတွင်းမှာ အင်တာနက်ပေါ်တင်ထားတဲ့ နာမည်ကြီး ၀ဘ်ဆိုဒ်တွေအတွက် သုံးတဲ့ password တွေ တပြုံကြီး အဟက်ခံထားရကြောင်း လုံခြုံရေးသုတေသီတွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဟက်ခံရတဲ့အတွက် ဟက်ကာတွေအနေနဲ့ ၀င်ရောက်အသုံးပြု၊ နှောင့်ယှက်လို့ ရပါတယ်။

ထင်သာမြင်သာရှိတဲ့ အချက်တွေထဲက တစ်ခုကတော့ Facebook, Twitter စတဲ့ အသုံးပြုသူတွေ တော်တော်များများဟာ ခန့်မှန်းရလွယ်တဲ့ passwordကို အသုံးပြုတာပါပဲ။ လူကြိုက်အများဆုံး password ကတော့ “123456” ဒါမှမဟုတ် ဒီထက်ပိုကောင်းရင် “123456789” ဒါမှမဟုတ် အသုံးများတာ တစ်ခုခုပေါ့။

ရှောင်သုံးသင့်တဲ့ password အခု၂၀ ကတော့ ………….

· 123456

· 123456789

· password

· admin

· 12345678

· qwerty

· 1234567

· 111111

· photoshop

· 123123

· 1234567890

· 000000

· abc123

· 1234

· adobe1

· macromedia

· azerty

· iloveyou

· aaaaaa

· 654321ဒီအကြံပေးချက်ကတော့ ကွန်ပျူတာလုံခြုံရေး ကျွမ်းကျင်ပညာရှင် Neal O’ Farrell ပြောထားတာပါ။ ဟက်ကာတွေ ခန့်မှန်းရခက်စေဖို့နဲ့ မှတ်မိရလည်းလွယ်စေဖို့ အကြံကောင်းတစ်ရပ်ပေးထားပါသေးတယ်။ passwordတွေကို မသုံးပဲနဲ့။ passphrase တွေကိုသုံးပါတဲ့။ သူက ဒီနည်းနဲ့ရှင်းပြပါတယ်။ passphrase ဆိုတာ မှတ်မိရလွယ်ကူတဲ့ ၀ါကျတိုတစ်ကြောင်းပါ။ သင့်အကြောင်း၊ သင့်ဘ၀အကြောင်း ကိုဖော်ညွှန်းတဲ့ဟာမျိုးပေါ့။ ဟက်ကာတစ်ယောက်အနေနဲ့လည်း ခန့်မှန်းရ၊ သိရ ခက်ပါလိမ့်မယ်တဲ့။

နိုတြီဒိန်းမ် တက္ကသိုလ်ကနေ ၂၀၀၂ခုနှစ်၊ ဇွန်လ၊ ၁ရက်နေ့မှာ ဘွဲ့ရခဲ့တဲ့ သူတစ်ယောက်လို့ ဆိုကြပါစို့။ “I graduated from Notre Dame University on June 1st 2002.” နံပါတ်တွေအပါအ၀င် ဒီစကားစုမှာပါတဲ့ စာလုံးတိုင်းရဲ့ အစစာလုံးတွေကို ဆွဲထုတ်သုံးပါ။

ဒါဆိုရင် “IgfNDUoJ1st2002” ဆိုတဲ့ password ကိုရလာပါလိမ့်မယ်။ စာလုံးအကြီး၊ အသေး၊ နံပါတ်တွေ အစုံပါဝင်တဲ့ သိပ်သည်းကျစ်လစ်တဲ့ အက္ခရာ၁၅လုံးပါ password တစ်ခုပါ။ “I” ကို သင်္ကေတ “!” နဲ့ ပြောင်းလိုက်ပါ။ ဒါဆိုရင်တော့ ဖြည်ဖို့အတော့်ကို ခက်တဲ့ password တစ်ခုကို လုပ်နိုင်သွားပါပြီ။
Share this article :

0 comments:

Post a Comment