#htmlcaption1 Go UP! Pure Javascript. No jQuery. No flash. #htmlcaption2 Stay Connected

Monday, February 10

တပ်မတော်သုံးကွန်ပျူတာလက်စွဲ Power Point 2007 (မြန်မာလို) (2.16MB)

0 comments

Presentation ပြူလုပ်လိုသူများ၊ Power Point ပြုလုပ်လိုသူများ၊ စာစီစာရိုက်ပြုလုပ်လိုသူများအတွက် တပ်မတော်သုံးကွန်ပျူတာလက်စွဲ Power Point (2007) စာအုပ်ဖြစ်ပါတယ်။ အခုမှ power point ကိုစတင် လေ့လာနေသူများအတွက် အရမ်းကောင်းမွန်တဲ့ စာအုပ်လေးပဲဖြစ်ပါတယ်။ လေ့လာလိုသူများ
 ဒေါင်းလုပ်ရယူနိုင်ပါပြီ။

Read more

CD or DVD Drive Missing (CD/DVD Drive မပေါ်တဲ့ပြဿနာ)ကို ဖြေရှင်းနည်း

1 comments

မိမိစက်မှာ CD/DVD Drive မပေါ်ရခြင်း၊ Detect ဆက်သွယ်မှုမရခြင်း ဖြစ်ရခြင်းအကြောင်းတွေကတော့ အောက်ပါ အချက်တွေပဲဖြစ်ပါတယ်။

• Corrupted registry entry.
• CD/DVD driver problem.
• Installation and un-installation of DVD recording programs.
• Un-installation of Microsoft Digital Image.

How to solve missing cd/dvd drive issue

အထက်ပါပြဿနာများကြုံလာခဲ့ရင် ဖြေရှင်းရမည့်နည်းလမ်းတွေကတော့ Window 7 အတွက် သူ့ system မှာပါတဲ့ troubleshooter ဖြင့်သော်၎င်း၊ Window XP နဲ့ Vista အတွက် Registry Editor ဖြင့်သော်၎င်းဖြေရှင်းနိုင်ပါတယ်လို့ အကြမ်းဖျင်းမှတ်ထားလို့ရပါတယ်။ 

Window 7 အတွက် ဖြေရှင်းနည်း
Window 7 မှာ CD/DVD Drive မပေါ်ဘူးဆိုရင် “Playing and Burning CDs, DVDs, and Blu-ray Discs troubleshooter” ဆိုတဲ့ နေရာမှာဝင်ရောက်ပြင်ဆင်ရမယ်။ အောက်ပါအဆင့်အတိုင်းလိုက်လုပ်ပါ။

1. Click Start button
2. On search box, type Troubleshooting. Open the result. ဒါမှမဟုတ် Control Panel> Click"Troubleshooting"






3. On left click “View All”.


4. Click “Playing and Burning CDs, DVDs, and Blu-ray Discs”. And Click “Next


5. OK

အထက်ပါနည်းလမ်းတွေကို အသုံးပြုပြီးမှ အဆင်မပြေသေးဘူးဆိုရင် “Hardware and Devices troubleshooter” ဆိုတာကို ၀င်ရောက်ပြင်ဆင်ရဖို့ရှိတယ်။ ဒီနေရာမှာ မိမိကွန်ပျူတာမှာပါဝင်တဲ့ Hardware အားလုံးအလုပ်လုပ်၊ မလုပ်
Check လို့ရပါတယ်။ အောက်ပါအဆင့်အတိုင်းလိုက်လုပ်ပါ။
1. Again click on “Start” button.
2. On search box, type Troubleshooting. Open the result.
3. Under “Hardware and Sound” setting, click “Configure a device”. If prompted for confirmation click “Yes”.
4. Now reboot your computer and check for drive by clicking on Start button and then “Computer”.

Window Vista အတွက်ဖြေရှင်းနည်း

Window Vista အတွက်ဆိုရင် ကျနော်တို့ Registry Editor ကနေ ၀င်ရောက်ပြင်ဆင်ရမယ်။ အောက်ပါအဆင့် ဆင့်ကိုလိုက်လုပ်ပါ။
1. “Start” button ကိုနှိပ်
2. search box မှာ “regedit” လို့ရိုက်ထည့်ပါ. “regedit.exe” ကို ကလစ်နှစ်ချက်နှိပ်။
ဒါမှမဟုတ် Keyboard ပေါ်မှာ Win + R တွဲနှိပ်ပြီး, Run Box တွင် “regedit” လို့ရိုက်ထည့်ပါ။


3. confirmation ဘောက်စ်ပေါ်လာရင် “Allow” ကိုနှိပ်ပြီး Registry Editor ပွင့်လာပါလိမ့်မယ်။
4. registry editor တွင် အောက်အဆင့်ဆင့်ထိရောက်အောင်ဖွင့်လိုက်ပါ…

HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Control\Class\{4D36E965-E325-11CE-BFC1-08002BE10318}

5. အောက်ပါ folder name ကိုတစ်ခုချင်းဆီနှိပ်၊ထိုနောက် ညာဖက်မှာရှိတဲ့ “Upper filters” နဲ့“LowerFilters” တွေရဲ့ အပေါ်တွင် Right Click ထောက်ပြီး Delete ကိုလုပ်လိုက်ပါ။

“{4D36E965-E325-11CE-BFC1-08002BE10318}”


Note registry entry မှာ “UpperFilters.bak” ဆိုတာတွေ့ရင် အဲဒါကိုမဖျက်ပဲထားခဲ့ပါ။
ပြီးလျှင် ကွန်ပျူတာကို Restart

Windows XP အတွက်

1. Click “Start”. Click “Run”.
2. Run box မှာ “regedit” ရိုက်ထည့်ပါ။ click OK.


3. In registry editor, အောက်ပါအဆင့်ဆင့်ကိုသွားပါ။

HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Control\Class\{4D36E965-E325-11CE-BFC1-08002BE10318}

4. Click on {4D36E965-E325-11CE-BFC1-08002BE10318} . ညာဖက်မှာရှိတဲ့ “Upper filters”နဲ့ “LowerFilters” တွေရဲ့ အပေါ်တွင် Right Click ထောက်ပြီး Delete ကိုလုပ်လိုက်ပါ။
5. Registry editor ကနေထွက်ပြီး reboot your computer.

အကယ်၍အထက်ပါအဆင့်များနဲ့ CD/ DVD Drive အလုပ်မလုပ်သေးရင်၊ My Computer တွင် CD/DVD Drve မပေါ်သေးလျှင် Device Manager မှာ ၀င်ရောက်ပြင်ဆင်မည့်နည်းလမ်းကို ထပ်လုပ်ကြည့်ပါ။

Windows Vista and Windows 7

1. Click Start button
2. Type Device manager in the search box. Click on the result.


3. On device manager, expand “DVD/CD-ROM drives”. Right-click the CD and DVD devices, and then click “Uninstall”.


4. Reboot your PC.
5. The drivers will be automatically installed after your PC restarts.

Windows XP

1. Go to Start > Control Panel.
2. Click System and Maintenance > System.
3. Open the Hardware tab, click “Device Manager”.


4. Expand DVD/CD-ROM drives, right-click the CD and DVD device, and then selectUninstall.


5. Reboot your PC. All the drivers will be automatically reinstalled after restart.
Read more

ဖုန်းများ အားကုန် အောင် သုံးခြင်း ကြောင့် ဖြစ်တက်သော ပြသနာ အမျိုးမျိုး နှင့် ဖြေရှင်း ခြင်း

1 comments
ဖုန်းများ အားကုန် အောင် သုံးခြင်း ကြောင့် ဖြစ်တက်သော ပြသနာ အမျိုးမျိုး
နှင့် ဖြေရှင်း ခြင်း

 ဖုန်း တစ်လုံး က အနည်း ဆုံး ၃.၇ ဗို့ ရှိမှ ပါဝါ တက်ပါမယ် ။ ၃.၇ ဗို့ ထက်နည်း ပါ က ဖုန်း ပေါ် မူတည်ပြီး ပြသနာ အမျိုးမျိုး ဖြစ်ပါတယ်

၁။ လိုဂို ရပ်ခြင်း
၂။ လိုဂို ပဲတက်ပြီး ပြန်ကျခြင်း
၃။ အားသွင်းပုံ ပြ သော်လည်း အားမ၀င် ခြင်း
၎။ ကြိုးထိုး ထားမှ ပါဝါ ဖွင့် ရခြင်း
၅။ အားသွင်းပုံ မပြ ပဲ လုံးဝ ပါဝါ ပျောက် ခြင်း

ဓာတ်ခဲ တွေက 3.7 ဗို့ မှ 4.2 ဗို့ ကြား ထဲ ရှိရပါမယ် ။
3.7v ထက် လျော့ ပါ က အထက်ပါ error များကြုံ တွေ့ နိုင်ပါတယ် ။

ဘာကြောင့် 3.7ဗို့ အောက် လျော့ ကျ သလဲ ??

အကြောင်း အမျိုးမျိုး ရှိပါတယ် ။ အဓိက အဖြစ် များတာ က တရုတ် ဓာတ်ခဲ တွေ ကြောင့် ပါ ။ ဓာတ်ခဲ သုံးတာ ကြာ ရင် လဲ ဖြစ်တက်ပါတယ် ။
ဖုန်း ic တစ်လုံးလုံး မကောင်း တော့ ရင် လဲ လိုတာ ထက် ပို ပြီး အန်ပီယာ ဆွဲ တဲ့ အတွက် ဖြစ်ပါတယ် ။

ဘယ်လို ဖြေရှင်း မလဲ ???

ပုံ မှန် ဓာတ်ခဲ ထုတ် လို့ ရတဲ့ ဖုန်း တွေ က တော့ ဓာတ်ခဲ ထုတ်ပြီး ညှပ် ခွက် ( ဖားပါးစပ် ) နဲ့ အားသွင်း ကြည့် ပါ ။ 3.0 မှ 3.6 ဗို့ အတွင်း လက်ကျန် ရှိပါက ပြန်သွင်း လို့ အဆင်ပြေ နိုင်ပါတယ် ။ဒါ ပေမယ့် အားကုန်အောင် သုံး တိုင်း ပြန်ဖြစ်နေပါမယ် ။ 3.0V အောက် ရောက်ပါ က
ဆိုင် မှာ ပဲ ပြုပြင် နိုင်ပါတော့ မယ် ။
အကောင်း ဆုံးကတော့ ဓာတ်ခဲ လဲ လိုက်ပါ ။

  အထူးသဖြင့် ဓာတ်ခဲ အသေ ဖုန်း တွေ မှာ အတက်နိုင် ဆုံးသတိ ထား သုံး ကြပါ ။ ဥပမာ iphone ၊ Tablet စတာ တွေ ဖြစ်ပါတယ် ။

အဲ့ ဓာတ်ခဲ အသေ ဖြစ်တဲ့ အတွက် ကိုယ် တိုင် လုပ် ဖို့ ခက်ခဲ တဲ့ အတွက် ဆိုင် သွား ရပါမယ် ။စက် ဖြုတ် ရတဲ့ အတွက် ၂၀၀၀ ၊ ၃၀၀၀ လောက် တော့ ပေးရမှာ ပါ ။iphone တွေ ကို တော့ Ipad အားသွင်း ခေါင်း နှင့် ကြိုး ကို အသုံး ပြုပြီး ပြန်လည် သွင်း နိုင်ပါတယ် ။

ကဲ သူငယ် ချင်း တို့ လဲ ဖုန်း ကို Battery Low ပေါ် ရင် ဖုန်းပြော ခြင်း ၊ သီချင်း နားထောင် ခြင်း ၊ Game ဆော့ ခြင်း များ မပြု လုပ် ခြင်း ဖြင့် ရှောင်ရှား နိုင်ပါတယ် ။အကောင်း ဆုံး က ဖုန်း 5% ရောက်ပြီ ဆိုရင် ပိတ်ထား လိုက်ပါ ။
Read more
0 comments
                                                
Gtalk ကနေ မိမိနှင့် အဆင်မပြေသူကို မိမိဘက်က Block သို့ Remove လုပ်လိုက်ရင် မိမိဘက်ကသာ သူ့ကိုမမြင်ရတော့ပေမယ့် မိမိ Block သို့ Remove လုပ်လိုက်တဲ့သူရဲ့ Gtalk မှာတော့ မိမိနာမည်ရှိနေသေးတဲ့အတွက် သူ့ဘက် Chat လို့ရပါသေးတယ်။ ကိုယ့်ဘက်က Block လိုက်တယ်ဆိုပေမယ့် သူ့ရဲ့Gtalk List မှာ ရှိနေဦးမှာပါ။ အဲ့ဒီလိုမျိုးတွေ မဖြစ်ရအောင် အပြီးအပိုင် ဖြတ်မယ်ဆိုရင်တော့ ဒီနည်းလေးအတိုင်းပြုလုပ်လို့ရပါတယ်။အောက်မှာဆက်ဖတ်လိုက်ပါ..


ပထမဦးဆုံး Gmail ကို ဖွင့်ပါ။ ပြီးရင် Contacts ကို ရှာပြီး Click နှိပ်လိုက်ပါ။ အဲ့ဒီအခါ Contacts Box ကျလာရင် မိမိ Delete လုပ်ချင်သော Account ကို ရွေးပြီး အမှန်ခြစ်ကာ Delete contact ကို click နှိပ်လိုက်ပါ။ တကယ်ဖျက်မှာလားလို့မေးတဲ့ Box ကျလာရင် OK ကို နှိပ်လိုက်ပါ။ ဒါဆို မိမိမဆက်သွယ်လိုသူကို အပြီးအပိုင် သံယောဇဉ်ဖြတ်လိုက်လို့ရသွားပါပြီ။ သူ့ရဲ့Gtalk မှာလည်း မိမိအမည် မရှိတော့သလို၊ သူ့ Gtalk မှာလည်း ကိုယ့်အမည် ကျန်ရှိတော့မည် မဟုတ်တော့ပါ။
Read more

Shweyoe Dictionary Version 3 (မြန်မာဗားရှင်း)

1 comments
ရွှေရိုး အဘိဓာန် (Shweyoe Dictionary for Windows) ကို Update  ပြုလုပ်ထားသော Shweyoe Dictionary Version 3 ဖြစ်ပါတယ်။ Shweyoe Version 3 တွင် ဘာသာစကား ငါးမျိုးမှ မြန်မာဘာသာသို့  အပြန်အလှန် အလွယ်တကူ ဘာသာပြန်ဆိုနိုင်ပါတယ်။
အသုံးပြုနိုင်သော ဘာသာစကားများမှာ -

  • အင်္ဂလိပ် <-> မြန်မာ
  • ရုရှား <-> မြန်မာ
  • ကိုရီးယား <-> မြန်မာ
  • ထိုင်း   <-> မြန်မာ
  • ဂျပန် <-> မြန်မာ
ဘာသာစကားငါးမျိုးအပြင် ထပ်မံပေါင်းထည့်ထားသော -
  • Wikipedia , Wiktionary
  • Design Improvement and Improve Performance
  • Support Zawgyi font and keyboard
  • Add new words for five languages and myanmar orthography
- နှင့်အခြား update များလည်းပါဝင်ပါသေးတယ်။
Shweyoe Dictionary Version 3 အား အသုံးပြုရန်အတွက်NET Framework Version 4.5.1 မိမိကွန်ပြူတာတွင် ရှိရမှာဖြစ်ပါတယ်။ Net frame 4.0 တွင်အခြေခံပြီး ရေးထားခြင်းကြောင့်၊NET Framework Version 4.5.1သွင်းထားပီးမှ Shweyoe Dictionary Version 3 ကို Install လုပ်ရမှာဖြစ်ပါတယ်။ Windows 8 အသုံးပြုသော ကွန်ပြူတာများတွင်တော့ NET Framework Version 4.5.1 သွင်းရန်မလိုပါ။
ပေါ့ပေါ့ပါးပါးနဲ့ အသုံးပြုပုံမှာလည်း ရိုးရှင်းပါတယ်။ မြန်မာစာလုံးများအတွက် အသုံးပြုသူများနှင့် ရင်းနှီးပီးသားဖြစ်သော “ဇော်ဂျီဖောင့်” နှင့် “ဇော်ဂျီကီးဘုတ်” ကို အသုံးပြုထားပါတယ်။
Shweyoe Dictionary Version 3 အကြောင်းနှင့် အသုံးပြုပုံ overview လေးပါ ~~

Shweyoe Dictionary Version 3 ရဲ့ Screenshot များ ဖြစ်ပါတယ် ~~
  • ရိုးရှင်းတိကျသော အင်္ဂလိပ် <-> မြန်မာ ဘာသာပြန်ဆိုမှုနှင့် အသံနှင့်ဘာသာပြန်ဆိုခိုင်းနိုင်မှု ~

  • ဘာသာစကားငါးမျိုးမှ မြန်မာဘာသာသို့ အပြန်အလှန်ဘာသာပြန်ဆိုနိုင်ခြင်း ~

  • အခမဲ့ References ဘဏ်တိုက်ကြီး Wikipedia အား OneClick ဖြင့် ခေါ်ယူအသုံးပြုနိုင်ခြင်း (Online) ~

  • နယ်ပယ်အသီးသီးမှ စကားလုံးအသစ်များ စိတ်ကြိုက်ဖန်တီးမှုစကားလုံးများကိုလည်း နှစ်သက်ရာ ဘာသာစကားငါးမျိုး အဘိဓာန်ထဲတွင် ထည့်သွင်းအသုံးပြုခြင်း ~

စသည်အားဖြင့် ဘက်စုံသုံး အဘိဓာန်တစ်ခုသဖွယ် အသုံးပြုနိုင်ပါတယ်။ Shweyoe  Dictionary သည် FOC (Free Of Charges) ဖြစ်သည့်အတွက်ကြောင့် မည်သူမဆို အခကြေးငွေ ပေးဆောင်စရာ မလိုပဲ လွတ်လပ်စွာအသုံးပြု မျှဝေနိုင်ပါတယ်။ လေးစား ဂုဏ်ပြု ကျေးဇူးတင်အပ်ပါသည်။
                                                         dropbox   
                                                           NetFraem 4.5.1
Read more

Drivers ကိုတစ်နေရာထဲမှာယူလို့ရတဲ့နေရာ

0 comments
windows Drivers ကိုတစ်နေရာထဲမှာ မိမိတို့လိုချင်တဲ့ အမျိုးအစား ကိုအလွယ်တကူ ဒေါင်းလို့ရတဲ့ ဆိုဒ်တွေ့ထားတယ်ပြန်လည်မျှဝေချင်လို့ဒီပို့စ်ကိုတင်ဖြစ်တာပါ
 
                                                  ဒီမှာသွားလိုက်ပါ
Read more

လွယ်ကူမှတ်မိ၊ ဟက်ရန်ခက်သည့် Password မျိုးပေးကြည့်

0 comments
ပြီးခဲ့တဲ့ နှစ်လအတောအတွင်းမှာ အင်တာနက်ပေါ်တင်ထားတဲ့ နာမည်ကြီး ၀ဘ်ဆိုဒ်တွေအတွက် သုံးတဲ့ password တွေ တပြုံကြီး အဟက်ခံထားရကြောင်း လုံခြုံရေးသုတေသီတွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဟက်ခံရတဲ့အတွက် ဟက်ကာတွေအနေနဲ့ ၀င်ရောက်အသုံးပြု၊ နှောင့်ယှက်လို့ ရပါတယ်။

ထင်သာမြင်သာရှိတဲ့ အချက်တွေထဲက တစ်ခုကတော့ Facebook, Twitter စတဲ့ အသုံးပြုသူတွေ တော်တော်များများဟာ ခန့်မှန်းရလွယ်တဲ့ passwordကို အသုံးပြုတာပါပဲ။ လူကြိုက်အများဆုံး password ကတော့ “123456” ဒါမှမဟုတ် ဒီထက်ပိုကောင်းရင် “123456789” ဒါမှမဟုတ် အသုံးများတာ တစ်ခုခုပေါ့။

ရှောင်သုံးသင့်တဲ့ password အခု၂၀ ကတော့ ………….

· 123456

· 123456789

· password

· admin

· 12345678

· qwerty

· 1234567

· 111111

· photoshop

· 123123

· 1234567890

· 000000

· abc123

· 1234

· adobe1

· macromedia

· azerty

· iloveyou

· aaaaaa

· 654321ဒီအကြံပေးချက်ကတော့ ကွန်ပျူတာလုံခြုံရေး ကျွမ်းကျင်ပညာရှင် Neal O’ Farrell ပြောထားတာပါ။ ဟက်ကာတွေ ခန့်မှန်းရခက်စေဖို့နဲ့ မှတ်မိရလည်းလွယ်စေဖို့ အကြံကောင်းတစ်ရပ်ပေးထားပါသေးတယ်။ passwordတွေကို မသုံးပဲနဲ့။ passphrase တွေကိုသုံးပါတဲ့။ သူက ဒီနည်းနဲ့ရှင်းပြပါတယ်။ passphrase ဆိုတာ မှတ်မိရလွယ်ကူတဲ့ ၀ါကျတိုတစ်ကြောင်းပါ။ သင့်အကြောင်း၊ သင့်ဘ၀အကြောင်း ကိုဖော်ညွှန်းတဲ့ဟာမျိုးပေါ့။ ဟက်ကာတစ်ယောက်အနေနဲ့လည်း ခန့်မှန်းရ၊ သိရ ခက်ပါလိမ့်မယ်တဲ့။

နိုတြီဒိန်းမ် တက္ကသိုလ်ကနေ ၂၀၀၂ခုနှစ်၊ ဇွန်လ၊ ၁ရက်နေ့မှာ ဘွဲ့ရခဲ့တဲ့ သူတစ်ယောက်လို့ ဆိုကြပါစို့။ “I graduated from Notre Dame University on June 1st 2002.” နံပါတ်တွေအပါအ၀င် ဒီစကားစုမှာပါတဲ့ စာလုံးတိုင်းရဲ့ အစစာလုံးတွေကို ဆွဲထုတ်သုံးပါ။

ဒါဆိုရင် “IgfNDUoJ1st2002” ဆိုတဲ့ password ကိုရလာပါလိမ့်မယ်။ စာလုံးအကြီး၊ အသေး၊ နံပါတ်တွေ အစုံပါဝင်တဲ့ သိပ်သည်းကျစ်လစ်တဲ့ အက္ခရာ၁၅လုံးပါ password တစ်ခုပါ။ “I” ကို သင်္ကေတ “!” နဲ့ ပြောင်းလိုက်ပါ။ ဒါဆိုရင်တော့ ဖြည်ဖို့အတော့်ကို ခက်တဲ့ password တစ်ခုကို လုပ်နိုင်သွားပါပြီ။
Read more